ဖြေ။ ခင်ပွန်းကြီးဆယ်ပါးဆိုတာ …
၁။ ဗုဒ္ဓါစ ပွင့်ခဲ့ပြီးသော ဘုရားရှင်အပေါင်းတို့အားလည်းကောင်း။
၂။ ပစ္စေကဗုဒ္ဓါစ ပွင့်ခဲ့ပြီးသော ဘုရားငယ်အပေါင်းတို့အားလည်းကောင်း။
၃။ ရဟန္တာစ ရဟန္တာအရှင်သူမြတ်အပေါင်းတို့အားလည်းကောင်း။
၎။ အဂ္ဂသာဝကာစ ပညာအရာမှာ ဧတဒဂ်ရ ရှင်သာရိပုတ္တရာ ရဟန္တာမြတ်ကြီးအားလည်းကောင်း။
၅။ မဟာသာဝကာစ တန်ခိုးအရာမှာ ဧတဒဂ်ရ ရှင်မောဂ္ဂလ္လာန်ရဟန္တာမြတ်ကြီးအားလည်းကောင်း။
၆။ မာတာစ ဘ၀အဆက်ဆက်မှ မိခင်များလည်းကောင်း။
၇။ ပိတုစ ဘ၀အဆက်ဆက်မှ ဖခင်များလည်းကောင်း။
၈။ ဓမ္မဒေသကာစ ဘ၀အဆက်ဆက်တွင် ဓမ္မတရားတော်များကို ဟောကြားခဲ့သော
ရဟန်းရှင်တို့နှင့်၊ ပုဂ္ဂိုလ်မြတ်များအား လည်းကောင်း။
၉။ ဂုရုသတ္တာစ ဘ၀အဆက်ဆက်တွင် မိမိထက်ကြီးသူအပေါင်းနှင့်
အလေးပြုအပ်ဆိုဆုံးမအပ်သောဆရာမြတ်များအားလည်းကောင်း။
၁၀။ ဒါယိကာစ ဘ၀အဆက်ဆက်တွင် ကျွေးမွေးထောက်ပံ့ခဲ့သော ကျေးဇူးရှင်အပေါင်းတို့အား
လည်းကောင်း
ဣမေဒဿ မဟာဂုဏေ ဤကျေးဇူးကြီးမြတ်သော ခင်ပွန်းကြီးဆယ်ပါးတို့အားလည်းကောင်း
အဟံ ကျွန်ုပ်သည်
သဗ္မဒါ အခါမလပ်
ဝန္ဒာမိ ရှိခိုးကန်တော့ပါ၏။
ဘုရားတပည့်တော်သည် ဤကျေးဇူးကြီးမြတ်သော ခင်ပွန်းကြီးဆယ်ပါးတို့အား သစ်သီးဆယ်မျိုး၊ အချိုရည်ဆယ်ခွက်၊ ဖယောင်းတိုင်ဆယ်တိုင်၊ ယပ်ဆယ်ချောင်း၊ ငှက်ပျောဆယ်ဖီးပွဲတစ်ပွဲစသော ဓါတ်လေးပါး ပစ္စည်းများကို ကပ်လှူပူဇော်ပါ၏ ယခုလို့ကပ်လှူပူဇော်ရသော အကျိုးအားကြောင့် တပည့်တော်သည် ယခုဘ၀တွင်ဖြစ်စေ အတိတ်ဘ၀အဆက်ဆက်မှဖြစ်စေ ခင်ပွန်းကြီးဆယ်ပါးအပေါ်သို့ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးတို့ဖြင့် သော်လည်းကောင်း၊ ၎င်းကံသုံးပါးအနက်မှ တစ်ပါးပါးဖြင့်သော်လည်းကောင်း သိလျှက်နှင့်ဖြစ်စေ မသိလျှက်နှင့်ဖြစ်စေ ပြစ်မှားကျူးလွန်ခဲ့မိသည်များရှိပါက ၀န်ချတောင်းပန်ပါ၏
ယခုလိုတောင်ပန်းရသည့်အကျိုးအားကြောင့် တပည့်တော်၏ ကိုယ်တွင်းကိုယ်ပတို့တွင် တွယ်ကပ်နေသော ၉၆ ပါးသော ရောဂါ၊ ၃၂ ပါးသော ကံကြမ္မာဆိုး၊ ၂၅ ပါးသော ဘေး၊ ၁၆ ပါးသော ဥပါဒ်၊ ၁၀ ပါးသော ဒါဏ်၊ ၈ ပါးသော အပြစ်၊ ၅ ပါးသော ရန်၊ ၉၉ ပါးသော မသူတော် (မကောင်း ကြံသူ) အပေါင်းတို့မှ ကင်းဝေးလွတ်မြောက်ပါလို၏။
ဒီလိုခင်ပွန်းကြီးဆယ်ပါး ယတြာအစီအရင်တွေကို ဆရာဖြစ်သူမှ ဌာန်ကရိုင်းကျကျ ရွတ်ဖတ်၍ မှန်မှန်ကန်ကန်တိတိကျကျ စေတနာထားပြီး ဆောင်ရွက်ပေးမည်ဆိုပါက၊ အကြောင်းတရားများမှန်၍ မှန်ကန်သော အကျိုးတရားများရရှိပေမည်။
မေး။ ဆရာဘုန်းမြင့်ထွန်း အခုလိုရှင်းပြသွားတာကို ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ် ဒီလိုသဘာဝဓမ္မကျတဲ့ ဤခင်ပွန်းကြီးဆယ်ပါး ယတြာအစီအရင်တွေကို ကျွန်တော်တို့ ခုနှစ်ရက်သားသမီးတိုင်းဆောင်ရွက် သင့်တယ်ဟု အသိတရားများဝင်လာခဲ့ပေသည်။
ကျွန်တော်ကိုယ်တိုင်ကလည်း ဆရာဘုန်းမြင့်ထွန်းစီရင်ပေးတဲ့ ခင်ပွန်းကြီးဆယ်ပါး ယတြာအစီအရင်များကို ပြုလုပ်ခဲ့သည့်အတွက် လက်ရှိကြုံတွေ့နေရသော အခက်အခဲတွေ၊ မပြေလည်မှုတွေ၊ ရော့ပေါ့သွားပေသည်။
No comments:
Post a Comment