Sunday, August 25, 2013
မဟာဘုတ်နှင့် န၀င်းယတြာ
မဟာဘုတ်နှင့် န၀င်းယတြာ
န၀င်းယတြာအစီအရင်နှင့် မဟာဘုတ်သဘော
အထွန်ဖွား
အထွန်းဖွားအားလုံးတို့ကို န၀င်းယတြာအစီအရင်ပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၏ အဓိပတိအိမ်တွင် ရှိသော ဆပွတ်ဂြိုလ်ကို ဆောင်ပန်း အဖြစ်အသုံးပြု၍ ပုတိအိမ်ရှိသော တြိရန်းဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုမှသာ အစွမ်းထက်သော န၀င်းယတြာ ဖြစ်ပေသည်။
မှတ်ချက်။ ။ အထွန်းဖွားများသည် န၀င်းသုံးမျိုးအနက်မှ အဆိုပါ ဆပွတ်နှင့် တြိရန်းတွဲသည့် (အတွင်းန၀င်း) တစ်မျိုးသာစီရင်လို့ ရပေမည်။ အဆိုပါ အထွန်းဖွားအားလုံးတို့၏ အညွန့်ဂြိုလ်နှင့် ပဉ္စပွတ်ဂြိုလ်တို့သည် မူလမဟာဘုတ်တွင် ဘင်္ဂအိမ်နှင့် မရဏအိမ်များတွင် ရှိနေခြင်းကြောင့် (ဓါတ်န၀င်းနှင့် အပြင်န၀င်း) စီရင်လို့မရပေ။
သိုက်ဖွား
သိုက်ဖွားအားလုံးတို့ကို န၀င်းယတြာအစီအရင်များ ပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၏ အထွန်းအိမ်တွင်ရှိသော ပဉ္စပွတ်ဂြိုလ်ကို ဆောင်ပန်း အဖြစ်သုံး၍ ရာဇအိမ်၌ရှိသော စတုရန်းဂြိုလ်ကို နင်းကြမ်း အဖြစ် အသုံးပြုမှသာအစွမ်းထက်သည် န၀င်းယတြာ အစီအရင်ပင် ဖြစ်ပေမည်။
မှတ်ချက်။ ။ သိုက်ဖွားအားလုံးတို့သည် န၀င်းသုံးမျိုးအနက်မှ ပဉ္စပွတ်နှင့် စတုရန်းဆိုသည့် (အပြင်န၀င်း) တစ်မျိုးသာ စီရင်လို့ရပေသည်။အဆိုပါသိုက်ဖွားအားလုံးတို့၏ အညွန့်ဂြိုလ်နှင့်ဆပွတ်ဂြိုလ် တို့သည် မူလမဟာဘုတ်တွင် မရဏအိမ်နှင့် ဘင်္ဂအိမ် (အညံ့ဌာန) များတွင် ရှိနေခြင်းကြောင့် (ဓါတ်န၀င်းနှင့် အတွင်းန၀င်း) စီရင်လို့မရပေ။
ရာဇဖွား
ရာဇဖွားအားလုံးတို့ကို န၀င်းယတြာအစီအရင်များ ပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၏ အထွန်းအိမ်၌ရှိသော အညွန့်ဂြိုလ်ကို ဆောင်ပန်း အဖြစ်သုံး၍ အဓိပတိအိမ်၌ရှိသော အမြစ်ဂြိုလ်ကို နင်းကြမ်း အဖြစ်သုံးပြုခြင်း (သို့) သိုက်အိမ်၌ရှိသော ပဉ္စပွတ်ဂြိုလ်ကို ဆောင်ပန်း အဖြစ်သုံး၍ ပုတိအိမ်၌ရှိသော စတုရန်းဂြိုလ်ကို နင်းကြမ်း အဖြစ် အသုံးပြုမှသာ အစွမ်းထက်သည့် န၀င်းယတြာ အစီအရင်ဖြစ်ပေမည်။
မှတ်ချက်။ ။ ရာဇဖွားအားလုံးတို့သည် န၀င်းသုံးမျိုးအနက်မှ အမြစ်နှင့်အညွန့်ခေါ်သည့် (ဓါတ်န၀င်း)နှင့် ပဉ္စပွတ်နှင့် စတုရန်းခေါ်သည့် (အပြင်န၀င်း) နှစ်မျိုး စီရင်လို့ရပေသည်။ အဆိုပါရာဇဖွားအားလုံးတို့၏ ဆပွတ်ဂြိုလ်သည် မူလမဟာဘုတ်တွင် မရဏအိမ်၌ ရှိနေခြင်းကြောင့် (အတွင်းန၀င်း) စီရင်လို့မရပေ
ပုတိဖွား
ပုတိဖွားအားလုံတို့သည် န၀င်းယတြာအစီအရင်များပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၏ သိုက်အိမ်တွင်ရှိသော အညွန့်ဂြိုလ်ကို ဆောင်ပန်း အဖြစ်အသုံးပြု၍ ဘင်္ဂအိမ်၌ရှိသောအမြစ်ဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုခြင်း၊ အထွန်းအိမ်တွင်ရှိသော ဆပွတ်ဂြိုလ်ကို ဆောင်ပန်း အဖြစ်သုံး၍ မရဏအိမ်၌ရှိသော တြိရန်းဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုခြင်း၊ ရာဇအိမ်၌ရှိသော ပဉ္စပွတ်ဂြိုလ်ကို ဆောင်ပန်း အဖြစ်အသုံးပြု၍ အဓိပတိအိမ်၌ရှိသော တြိရန်း ဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုမှသာ အစွမ်းထက်မြက်သော န၀င်းယတြာအစီအရင်များ ဖြစ်ပေသည်။အဆိုပါပုတိဖွားများအားလုံးတို့သည် ဓါတ်န၀င်း၊ အတွင်းန၀င်း၊ အပြင်န၀င်း ဆိုသည့် န၀င်းသုံးမျိုးလုံးစီရင်လို့ ရပေသည်။
အဓိပတိဖွား
အဓိပတိဖွားများကို န၀င်းယတြာအစီအရင်များ ပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၏ ရာဇအိမ်တွင်ရှိသော အညွန့်ဂြိုလ်ကို ဆောင်ပန်း အဖြစ်အသုံးပြု၍ မရဏအိမ်၌ရှိသော အမြစ်ဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုမှသာ အစွမ်းထက်သော န၀င်းယတြာအစီအရင်ပင်ဖြစ်ပေမည်။
မှတ်ချက်။ ။ ဆပွတ်ဂြိုလ်နှင့် တြိရန်းဂြိုလ်နှစ်လုံးသည် မူလမဟာဘုတ်၌ (အကောင်းဌာန) တွင်ရှိနေခြင်းကြောင့် (အတွင်းန၀င်း) စီရင်လို့မရပေ၊ ပဉ္စပွတ်ဂြိုလ် နှင့် စတုရန်းဂြိုလ် တို့သည် မူလမဟာဘုတ်တွင် (အညံ့ဌာန) များတွင် ရှိနေခြင်းကြောင့် (အပြင်န၀င်း) စီရင်လို့မရပေ။
ဘင်္ဂဖွား
ဘင်္ဂဖွားအားလုံးတို့ကို န၀င်းယတြာအစီအရင်များ ပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၏ အဓိပတိအိမ်တွင်ရှိသော ပဉ္စပွတ်ဂြိုလ်ကို ဆောင်ပန်း အဖြစ်အသုံးပြု၍၊ မရဏအိမ်၌ရှိသော စတုရန်းဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုမှသာ အစွမ်းထက်မြက်သည့် န၀င်းယတြာအစီအရင်ဖြစ်ပေမည်။ ဘင်္ဂဖွားများမှာ (အပြင်န၀င်း) တစ်မျိုးကိုသာ စီရင်လို့ရပေမည်။
မှတ်ချက်။ ။ ဘင်္ဂဖွားများ၏ အညွန့်ဂြိုလ်သည် မူလမဟာဘုတ်အိမ်တွင် ပုတိ(အညံ့ဌာန)တွင်ရှိနေသည့်အတွက် (ဓါတ်န၀င်း) စီရင်လို့မရပေ။ ဆပွတ်ဂြိုလ်သည် ရာဇအိမ်၌ရှိသော်လည်း နင်းကြမ်းပြုလုပ်ရမည့် တြိရန်းဂြိုလ်သည် သိုက်အိမ် (အကောင်းဌာန) တွင် ရှိနေသည့်အတွက် (အတွင်းန၀င်း) စီရင်လို့မရပေ။
မရဏဖွား
မရဏဖွားအားလုံးတို့ကို န၀င်းယတြာအစီအရင်များပြုလုပ်မည်ဆိုပါက မူလမဟာဘုတ်၌ အဓိပတိ အိမ်တွင်ရှိသော အညွန့်ဂြိုလ်ကို ဆောင်ပန်း အဖြစ်အသုံးပြု၍ သိုက်၌ရှိသော အမြစ်ဂြိုလ်ကို နင်းကြမ်း အဖြစ်အသုံးပြုမှသာ အစွမ်းထက်သည့် န၀င်းယတြာအစီအရင်ပင်ဖြစ်ပေမည်။မရဏဖွားများ၏ ပဉ္စပွတ်ဂြိုလ်နှင့် ဆပွတ်ဂြိုလ်တို့သည် မူလမဟာဘုတ်တွင် ပုတိအိမ်နှင့် ဘင်္ဂအိမ် (အညံ့ဌာန) များတွင် ရှိနေခြင်းကြောင့် အတွင်းန၀င်း နှင့် အပြင်န၀င်း စီရင်လို့မရပေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment