မြန်မာ့ရိုးရာ အင်္ဂ၀ိဇ္ဇာ ဗေဒင်ပညာဖြင့် ယနေ့မြန်မာနိုင်ငံအရေးနှင့်
အနာဂတ်မြန်မာနိုင်ငံအရေးတို့ကို ထောက်ရှုသုံးသပ်ခြင်း
မြန်မာ့ရိုးရာဗေဒင်ပညာရပ်များ မြောက်များစွာရှိသည့်အနက်မှ အင်္ဂ၀ိဇ္ဇာပညာရပ်ဖြင့် မြန်မာနိုင်ငံ အကြောင်းကို ထောက်ရှုသုံးသပ်ကြည့်မည် ဆိုပါက-
မြန်မာဆိုသည်မှာ ကြာသပတေးနှစ်လုံး ဖြစ်နေခြင်း၊
ကြာသပတေးဆိုသည်မှာ အင်္ဂ၀ိဇ္ဇာပညာ၏ ဂဏန်းသင်္ချာအရ ၅ ဂဏန်းဟု သတ်မှတ်ကြပေသည်။
ပထမ မြန် ဆိုသည့် ကြာသပတေးသည် ၅ ဂဏန်းဖြစ်နေခြင်း။
ဒုတိယ မာ ဆိုသည့် ကြာသပတေးသည်လည်း ၅ ဂဏန်းဖြစ်နေခြင်း။
ယခုအစိုးရသစ်၏သက်တမ်းတစ်ခုသည်လည်း ၅ နှစ်ဖြစ်နေခြင်း။ ဤကဲ့သို့ ၅ ဂဏန်းသုံးကြိမ်ဖြစ်နေသည်ကို အလွန်အံ့သြစွာတွေ့ရပေမည်။ အင်္ဂ၀ိဇ္ဇာပညာအရ ၅ ဂဏန်း ဆိုသည့် ကြာသပတေးအခါတိုင် သုံးတိုင်ထူကြည့်ပါက ဤကဲ့သို့ပင်တွေ့ရပေမည်။
၁။ ပဉ္စပွတ်ဌာနတွင် ရှိသော တနင်္လာသည် အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်ဇောခြင်းဆိုသည့် ( ဣဌ)
နေရာတွင် ရှိနေခြင်း၊
၂။ ဆပွတ်ဌာနတွင်ရှိသော အင်္ဂါသည် စိတ်ကူးအကြံအစည်၊ လျှို့ဝှက်ချက်၊ စုတ် ဆိုသည့် ( ဣဌ) နေရာတွင် ရှိနေခြင်း၊
ပထမ ကြာသပတေးအခါတိုင်၏ ဆပွတ်ဌာနမှ အင်္ဂါနှင့် ပဉ္စပွတ်ဌာနမှ တနင်္လာတို့ကို အမည်ပညတ် များဖြင့် ကောက်ယူရာ အင်္ဂါအစ တနင်္လာအဆုံး ဖြစ်သည့် ဆီးဂိမ်း ဆိုသည့် အမည်ပညတ်များ
ပေါ်လွင်ထင် ရှားနေခြင်း၊
ဒုတိယ ကြာသပတေးအခါတိုင်၏ ဆပွတ်ဌာနမှ အင်္ဂါနှင့် ပဉ္စပွတ်ဌာနမှ တနင်္လာတို့ကို အမည်ပညတ် များဖြင့် ကောက်ယူရာ အင်္ဂါအစတနင်္လာအဆုံးဖြစ်သည့် ဇီးကွက် ဆိုသည့် အမည်ပညတ်များ ပေါ်လွင်ထင်ရှားနေခြင်း၊
တတိယ ကြာသပတေးအခါတိုင်၏ ဆပွတ်ဌာနမှ အင်္ဂါနှင့် ပဉ္စပွတ်ဌာနမှ တနင်္လာတို့ကို အမည်ပညတ်များဖြင့် ကောက်ယူရာ အင်္ဂါအစ တနင်္လာအဆုံးဖြစ်သည့် စုကြည် ဆိုသည့် အမည်ပညတ်များ ပေါ်လွင်ထင်ရှား နေခြင်း၊
အဆိုပါ ကြာသပတေးအခါတိုင် သုံးတိုင်ကို ဆင်ခြင် သုံးသပ်ကြည့်ပါက
ဆီးဂိမ်း ဇီးကွက် စုကြည် ဖြစ်နေသည်ကို အင်္ဂ၀ိဇ္ဇာပညာအရအလွန်အံ့သြစွာ တွေ့ရပေမည်။
ဆန်းကျမ်း၊ လက္ခဏာ၊ အင်္ဂ၀ိဇ္ဇာ သုတေသီ
ဆရာ ဘုန်းမြင့်ထွန်း
မြန်မာဖုန်း - ၀၉-၄၂၈၂၂၇၇၄၀
ထိုင်းဖုန်း - ၀၈၆-၉၁၉၆၇၃၅
တာချီလိတ်မြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)
No comments:
Post a Comment