Tuesday, August 20, 2013

ယတြာအစီအရင်နှင့်ပါတ်သက်သော အမေး အဖြေကဏ္ဍ

ယတြာအစီအရင်နှင့်ပါတ်သက်သော အမေး အဖြေကဏ္ဍ

မေး ။ ဆရာ ဘုန်းမြင့်ထွန်း ပြောသွားတဲ့ ယတြာအစီအရင်လုပ်လိုက်ရင် အခုကျွန်တော်ကြုံနေရတဲ့ မပြေလည်မှုတွေ ပြဿနာတွေ အဆိုးတွေ၊ အခက်အခဲတွေ လျှော့သွားနိုင်ပါမလား တကယ် ထိရောက်မှုရှိပါမလား၊ ဖြစ်နိုင်ပါ့မလား။

ဖြေ ။ မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာမှာ ဗေဒင်ကိုပိုင်ရင် ယတြာကိုနိုင်တယ်ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်၊ ယတြာကောင်းလျှင် မင်းလောင်း ပျောက် ဆိုသည့် စကားလည်း ရှိတယ်လေ။ ခင်ဗျားက ယတြာအစီအရင်ပေါ်မှာ အမြင်မရှင်းတဲ့သဘော၊ မယုံကြည်တဲ့သဘော သက်ရောက်နေတယ် ဆိုတော့ ခင်ဗျားရဲ့အမြင်နှင့် အယူအဆကို အရင်ပြောစေချင်တယ်။

မေး ။ ဆရာ ဘုန်းမြင့်ထွန်း စိတ်တော့မဆိုးပါနဲ့ ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင် ယတြာဆိုတာ၊ ဗေဒင်ဆရာတွေ၊ လောကီဆရာတွေ၊ နတ်ဆရာတွေက တဘက်လူရဲ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး ငွေများများရအောင် လုပ်စားတဲ့ပညာလို့ဘဲ ကျွန်တော်မြင်တယ်။

ဖြေ ။ အခုလို ခင်ဗျားပြောသွားတာကို ကျွန်တော်စိတ်မဆိုးပါဘူး၊ ယတြာအပေါ်မှာ ခင်ဗျားအမြင်နဲ့ အယူအဆဟာ မမှားဘူး၊   ဒါပေမဲ့ မှန်တော့ မမှန်ဘူး။

မေး ။ ဆရာ ဘုန်းမြင့်ထွန်းက ကျွန်တော်ရဲ့အမြင်နဲ့ အယူအဆကို မမှားဘူးလဲပြောတယ်၊ မမှန်ဘူးလည်းပြောတယ်ဆိုတော့ ကျွန်တော်နားလည်အောင် ရှင်းပြပါဦး။

ဖြေ ။ ကျွန်တော်တို့ ဗေဒင်ဆရာတွေ၊ လောကီဆရာတွေ၊ နတ်ဆရာတွေဟာ ယေဘုယျ ဟောပြီး တဘက်လူကိုယတြာချေဖို့ ဓါတ်ရိုက်ဓါတ်ဆင်လုပ်ဖို့ တိုက်တွန်းကြတယ်၊ တဘက်လူက ယတြာအစီအရင်လုပ်တော့လည်း ငွေသာကုန်တယ်အချိန်သာကုန်ပြီး ဘာမှဖြစ်မလာဘူး၊ ဒါကြောင့် ဗေဒင်လောကမှာ ခြောက်စား၊ မြှောက်စား၊ ရိုက်စားဆရာတွေက ဒုနဲ့ဒေး ဖြစ်နေတော့ ဗေဒင်မေး ပရိသတ်တွေက ယတြာအစီအရင်အပေါ် အထင်သေးအမြင်သေးကြတယ်၊ ပြက်ရယ်ပြုကြတယ် ၊အယုံအကြည်ကင်းကြတယ်။

မေး ။ ဆရာ ဘုန်းမြင့်ထွန်း ပြောသွားသလိုဆိုရင် ယတြာအစီအရင်တို့ ဓါတ်ရိုက်ဓါတ်ဆင်တို့ဆိုတာ ထိရောက်မှုရှိအောင် လုပ်လို့ရတယ်ဆိုတဲ့သဘောလား၊

ဖြေ ။ ယတြာအစီအရင်နှင့် ပါတ်သက်ပြီး ကျွန်ုပ် ( ဥပမာ ) ပေးရမယ်ဆိုရင် ယိုင်နေတဲ့ တဲတစ်လုံးကို ပြိုကျမြေခမသွားအောင် ဒေါက်ထောက်ပေးတဲ့သဘောပါ၊ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အနောက်တောင် မုတ်သုံလေကို ခံစားရတဲ့နိုင်ငံဖြစ်တယ် ဒီတော့ အနောက်ဘက်လှည့်တဲ့အိမ်တွေ တောင်ဘက်လှည့်တဲ့ အိမ်တွေဟာ မိုးရာသီမှာ မိုးပက်တဲ့ဒါဏ်မှသက်သာအောင် ပလက်စတစ်ကာပေးတဲ့ သဘောပါ။ ယတြာအစီအရင်နှင့် ပတ်သက်ပြီး ဥပမာ ပေးရမယ်ဆိုရင်တော့ ပြောလို့မကုန်နိုင်ပါဘူး။

မေး။ ဆရာ ဘုန်းမြင့်ထွန်း ဥပမာပေးပြီး ရှင်းပြသွားတာကို ကျွန်တော်ထိုက်သင့်သလောက်လက်ခံပါတယ်၊ အဲဒီတော့ လောကီဆရာတွေဟာ ယတြာအစီအရင်နဲ့ ဓါတ်ရိုက်ဓါတ်ဆင်လုပ်ရာတွင် ထိရောက်မှုရှိအောင် ဘယ်လိုအချက်တွေနဲ့ ပြည့်စုံဖို့လိုတယ်ဆိုတာ ရှင်းပြစေချင်တယ်၊

ဖြေ။ ယတြာအစီအရင်နှင့် ဓါတ်ရိုက် ဓါတ်ဆင်တို့ ပြုလုပ်ရာမှာ အချက် ၇ ချက်နှင့် ပြည့်စုံဖို့ အထူးလိုအပ်ပါတယ်။

ပြည်စုံရမည့် အချက် ၇ ချက်ကတော့

၁။ လောကီဆရာများသည် မိမိတို့အသုံးပြုနေသည့် ဗေဒင်ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်ပြီး ဂြိုလ်တို့၏ အကောင်းအဆိုးတို့ကို နားလည်သဘောပေါက်ခြင်း။

၂။ ဆရာဖြစ်သူသည် ကိုယ်ကျင့်တရားကောင်းခြင်း၊ တည်ကြည်ခြင်း၊ ဉာဏ်ပညာကြီးခြင်း၊ သစ္စာရှိခြင်း၊ စေတနာထားခြင်း။ တဘက်လူ၏ အခက်အခဲများကို မိမိ၏အခက်အခဲဟု မှတ်ယူခြင်း။

၃။ ဆရာဖြစ်သူသည် နေကောင်းရက်မြတ်နှင့် အချိန်ကောင်းအခါကောင်းများကို မှန်မှန်ကန်ကန်ရွေးချယ်၍ မူလအရပ်မှန်ကန်အောင်ဆောင်ရွက်နိုင်ခြင်း၊

၎။ ယတြာ အစီအရင်နှင့် ဓါတ်ရိုက်ဓါတ်ဆင်များပြုလုပ်ရာတွင် အသုံးပြုရသည့် အညွန့်အခက် အသီးအပွင့်အသားများကို ပညတ်မှန် အမည်မှန်ရွေးချယ်နိုင်ခြင်း၊

၅။ ဆရာဖြစ်သူသည် ယတြာအစီအရင်အတွက် သင့်တင့်လျောက်ပတ်သော အခကြေးငွေကိုသာ ရယူခြင်း။ အကယ်၍တဘက်လူကမတတ်နိုင်ပါက အခကြေးငွေမယူဘဲ စေတနာသက်သက်ဖြင့် ပြုလုပ်ပေးခြင်း၊

၆။ ယတြာပြုလုပ်စေခိုင်းသူသည် ယတြာပညာအပေါ်နှင့်ဆရာအပေါ် ယုံကြည်မှုအပြည့်အ၀ရှိရမည့်အပြင်၊ ဤ ယတြာအစီအရင်ပြုလုပ်သည့်အတွက် ၏အခက်အခဲများကို လျော့သွားမည်ဟု ယုံကြည်မှု အပြည့်အ၀ရှိခြင်း၊

၇။ ဆရာဖြစ်သူသည် ယတြာမထိုက်သောသူများကို ဖျားယောင်းသွေးဆောင်ပြီး ယတြာအစီအရင်များ အားဓမ္မစေခိုင်းခြင်းမှ အထူးရှောင်ကြဉ်ရခြင်း ဆိုတဲ့ အချက် ၇ ချက်နှင့် ကိုက်ညီမှသာ ထိုယတြာအစီအရင်များသည် ထိရောက် မှုရှိပေမည်။

မေး။ ဆရာ ဘုန်းမြင့်ထွန်း ရှင်းပြသွားသလိုဆိုရင် ဘယ်လိုယတြာအစီအရင်တွေက ကျွန်တော်တို့ ခုနှစ်ရက်သားသမီးအတွက် ထိရောက်မှုရှိမည်ဆိုတာကို ရှင်းပြစေချင်ပါတယ်။

ဖြေ။ သဘာဝတရားကိုလည်း မလွန်ဆန်ဘူး၊ ဓမ္မတရားတော်နှင့် ကိုက်ညီတဲ့ ယတြာအစီအရင်တွေကို လောကီ ဆရာတွေက ဆောင်ရွက်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဥပမာ။ ။ ကျွန်ုပ်တို့ မြန်မာလူမျိုးအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတယ်၊ ကျွန်တော်တို့ အလေးအနက်ထားတဲ့ ခင်ပွန်းကြီး ဆယ်ပါးဆိုတာရှိတယ် အဲဒီခင်ပွန်းကြီးဆယ်ပါးကို အကြောင်းပြုပြီး ဓာတ်လေးပါး ပစ္စည်းများကို လှူဒါန်းသည့် ယတြာအစီအရင်တွေပြုလုပ်သင့်ပါတယ်။

မေး။ ဆရာ ဘုန်းမြင့်ထွန်း ပြောသွားတဲ့ ခင်ပွန်းဆယ်ပါးနှင့်ပါတ်သက်၍ ဘယ်လိုရွတ်ဖတ်ရမယ် ဘယ်လိုလုပ်ရမယ်ဆိုတာ ရှင်းပြပေးစေချင်ပါတယ်။

No comments:

Post a Comment