Monday, August 12, 2013

ဒေါ်အောင်ဆန်းစုကြည်၏ မူလ စရိုက်လက္ခဏာများ

မြန်မာ့ရိုးရာ လက်ဆန်းဗေဒင်ပညာရပ်များဖြစ်သော

ဆန်းကျမ်းဗေဒင်နည်းအရ

ဒေါ်အောင်ဆန်းစုကြည်၏ မူလစရိုက်လက္ခဏာ


မြန်မာသက္ကရာဇ် - ၁၃၀၇ ၊ ပထမ၀ါဆိုလဆန်း (၁၀) ရက်

ခရစ်သက္ကရာဇ် - ၁၉၄၅ ခု၊ ဇွန်လ ( ၁၉ ) ရက်၊ အင်္ဂါသမီး

ဤဇာတာရှင်မွေးဖွားချိန်၌ ဗုဒ္ဓဟူးဂြိုလ်၊ စနေဂြိုလ်၊ အင်္ဂါဂြိုလ်၊ တနင်္လာဂြိုလ်များ အလွန် အားကောင်းနေသော အချိန်ကာလဖြစ်၍ ထိုနေ့နံများနှင့် ဘဝတစ်လျှောက်လုံး အကျိုးပေးမည်။

ထိုနေ့ရက်များတွင် အရေးကြီးကိစ္စများဆောင်ရွက်သင့်ပေသည်။

ဗုဒ္ဓဟူးဂြိုလ်အားကောင်းနေချိန်ဖြစ်၍ လူအများ၏ ယုံကြည်လေးစားမှုအထူးရရှိခြင်း၊ လူ့အဖွဲ့ အစည်းများတွင် သြဇာကြီးခြင်း၊ လူမှုဆက်ဆံရေးပညာရပ်များ ကျွမ်းကျင်ပိုင်နိုင်ခြင်း၊

စနေဂြိုလ်အားကောင်းနေချိန်ဖြစ်၍ ဘုန်းတန်ခိုးကြီးခြင်း၊ ထိပ်တန်းပုဂ္ဂိုလ်များ၏ လေးစားမှုရရှိခြင်း၊ ဆုံးဖြတ်ချက် ခိုင်မာခြင်း၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်ကြီးမားခြင်း၊

အင်္ဂါဂြိုလ်အားကောင်းနေချိန်ဖြစ်၍ ရဲရင့်ပြတ်သားခြင်း၊ သတ္တိရှိခြင်း၊ ဇွဲ၊ လုံးလ၊ ၀ိရိယကြီးခြင်း၊ မည်သည့်အလုပ်ကိုမဆို တစိုက်မတ်မတ်လုပ်တတ်ခြင်း၊ စိတ်ဓာတ် ခိုင်မာခြင်း၊

တနင်္လာဂြိုလ်အားကောင်းနေချိန်ဖြစ်၍ လူအများပေါ်၌ သနားကြင်နာခြင်း၊ ဂရုဏာထားတတ်ခြင်း၊ လူအများ၏ ချစ်ခင်မှုအထူးရရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ အနုပညာဆန်သောအလုပ်များ ကိုနှစ်သက်မြတ်နိုးခြင်း၊ ငွေကြေးကံကောင်းခြင်း စသော ဂုဏ်ရည်ထူးများနှင့် ပြည့်စုံသူဖြစ်ပေသည်။

တနင်္ဂနွေဂြိုလ်နှင့် ကြာသပတေးဂြိုလ်အားနည်းနေချိန်ဖြစ်၍ ဖခင်အကျိုး မခံစားရခြင်း၊ အိမ်ထောင်ရေးသုခနည်းခြင်း၊ အလုပ်နှင့်နေရာထိုင်ခင်း တည်ငြိမ်မှုမရှိခြင်း၊ အတိုက်အခိုက်များခြင်း၊ မိတ်ဆွေအကျိုးမခံစားရခြင်း၊ ပညာသင်အရွယ်နှင့် ပညာရပ်များ ဆည်းပူးလေ့လာရာ၌ အခက်အခဲ အမျိုးမျိုး ကြုံတွေ့ရပေမည်။

No comments:

Post a Comment